2021 အတွက် Genesis ရဲ့ G80

0

Full article

တွေ့တွေ့ခြင်း

Genesis ကတော့ သူတို့ရဲ့ 2021 model G80 ကိုပွဲထုတ်လုပ်ပါပြီ။ မတ်လ ၂၉ ရက်နေ့ ကုမ္ပဏီရဲ့ ရုံးချုပ်တည်ရှိရာ တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ Genesis ရဲ့နောက်ဆုံးထုတ်ကုန်တွေထဲမှာ ကားချစ်သူတွေကို ဖမ်းစားမှုအရှိဆုံးဖြစ်နေတာကတော့ SUV အမျိုးအစား GV80 မှာတုန်းက စတင်ပါဝင်ခဲ့တဲ့ ရှေ့ခြမ်းမီးလုံးဒီဇိုင်းပါ။ “Quad lamp” လို့လည်းခေါ်ကြပြီး ဘယ်သူနဲ့မှမတူတဲ့ဒီဇိုင်းလည်းဖြစ်နေပါတယ်။ အခု G80 မှာက ပိုလို့တောင် လိုက်ဖက်နေသလိုပါပဲ။ မိုက်တာနောက်တစ်ခုက ပဥ္စဂံပုံ ကြီးမားတဲ့ grille ပါ။ 2019 ၊ 2020 G80 တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီဇိုင်းပိုင်းအရ ကွာခြားမှုသိပ်မများလှပေမဲ့ ခံစားမှုပိုင်းအရတော့ ကြီးကြီးမားမားကွာခြားသွားပါပြီ။ သေချာတာကတော့ 2021 Genesis G80 ဟာ ရုပ်ထွက်အရမ်းမိုက်တယ်ဆိုတာပါပဲ။

နိုင်ငံတကာကို တင်ပို့ရောင်းချတဲ့ အခြေခံခန့်မှန်းဈေးနှုန်းကတော့ ​အမေရိကန်ဒေါ်လာ 45,000 ပါ။

အင်ဂျင်၊ transmission နဲ့ စွမ်းဆောင်ရည်

Standard အနေနဲ့ 2.5-liter turbocharged အင်ဂျင်နဲ့ဖြစ်ပြီး အမြင့်ဆုံးပါဝါ 300hp (မြင်းကောင််ရေ) အထိရရှိနိုင်ပါတယ်။ တကယ်လို့ အဲဒီအင်ဂျင်ကို အားမရသေးဘူးဆိုရင်တော့ 375hp အထိထွက်ရှိပြီး ပိုပြီးအားကောင်းတဲ့ 3.5-liter V-6 twin-turbo အင်ဂျင်နဲ့မှာယူနိုင်ပါသေးတယ်။ အင်ဂျင်နှစ်မျိုးစလုံးအတွက် 8-speed automatic transmission နဲ့ဖြစ်ပြီး နောက်ယက် ဒါမှမဟုတ် all-wheel drive နှစ်သက်ရာ ရွေးချယ်လို့ရပါတယ်။

အတွင်းခန်း၊ သက်သောင့်သက်သာရှိမှုနဲ့ နေရာလွတ်

ထိပ်တန်းအဆင့်ကို ပစ်မှတ်ထားနေတဲ့ ဇိမ်ခံကားပီသစွာ G80 အသစ်ရဲ့အတွင်းခန်းက တော်တော်လေးအဆင့်မြင့်ပါတယ်။ ‌ကြော့ရှင်းတဲ့ dashboard ၊ နူးညံ့တဲ့ထိတွေ့မှုကိုပဲပေးတဲ့ ကိုင်တွယ်အသုံးပြုစရာတွေ၊ တန်ဖိုးကြီး materials အများစုအသုံးပြုထားတာတွေဟာ G80 ရဲ့မောင်းနှင်စီးနင်းသူကိုပေးတဲ့ တန်ဖိုးပါပဲ။ Driver display က 12.3-inch 3D digital gauge cluster ၊ တန်ဖိုးကြီးဇိမ်ခံကားတွေမှာပဲ အသုံးပြုတာများတဲ့ ambient lighting ၊ တော်တော်လေး စုံစုံလင်လင်ဖေါ်ပြနိုင်တဲ့ HUD (head-up display) ၊ အပူ/အအေး နှစ်မျိုးစလုံးရ ရှေ့/နောက် ထိုင်ခုံတွေကတော့ ကားချစ်သူဘယ်သူမဆို မြတ်နိုးနိုင်တဲ့အရာတွေချည်းပါပဲ။ ခေါင်းအတွက် နေရာလွတ်များများစားစားရှိသလို ခြေဆန့်လက်ဆန့်လည်းကောင်းတဲ့ အတွင်းခန်း ဒီဇိုင်းနဲ့ Genesis G80 အသစ်ပါ။ အဟောင်းထက်တောင် ပိုပါသေးတယ်။

Infotainment နဲ့ဆက်သွယ်ရေး

14.5-inch touchscreen နဲ့ infotainment မျက်နှာပြင်ကို dashboard ပေါ်မှာတွေ့ရပါလိမ့်မယ်။ Center console မှာရှိတဲ့ ခလုတ်တချို့နဲ့လည်း physical button အနေနဲ့ ထိန်းကြောင်းလို့ရမယ်။ Steering ပေါ်က ဒီဇိုင်းအသစ်နဲ့ ‌ကြော့ရှင်းတဲ့ mounted controls တွေကနေလည်း control လုပ်လို့ရမယ်။​ 2021 ဆိုတဲ့အတိုင်း Apple CarPlay နဲ့ Android Auto ကတော့ မပါမဖြစ်ပါပဲ။ Genesis G80 အသစ်ရဲ့အတွင်းခန်းဟာ အသံလုံမှုအပိုင်းမြင့်တဲ့အပြင် အားကောင်းတဲ့ Lexicon အသံစနစ်နဲ့ဆိုတော့ သာယာနာပျော်မှုအပြည့်နဲ့ပါလို့ ဆိုရပါလိမ့်မယ်။

Safety နဲ့ ယာဉ်မောင်းသူအထောက်အကူပြုစနစ်များ

NHTSA (National Highway Traffic Safety Administration) နဲ့ IIHS (Insurance Institute for Highway Safety) တို့ရဲ့ စမ်းသပ်စစ်ဆေးမှုကိုတော့ မခံရသေးပါဘူး။ ခေတ်မီ မောင်းသူအထောက်အကူပြုစနစ်တွေအပြင် Hyundai ရဲ့ နောက်ဆုံးထွက် Sonata တို့ဘာတို့မှာပါတဲ့ Smart Park စနစ်ပါဝင်မယ်။ Safety ပိုင်းကလည်း ပုံမှန်ပါနေကျအပြင်ကိုမှ လူတိုင်းနှစ်သက်လာကြတဲ့ automated emergency braking စနစ်၊ adaptive cruise control ၊ blind-spot monitoring စနစ်စတာတွေလည်းရရှိနိုင်မှာဖြစ်တဲ့အတွက် ခေတ်ရှေ့ပြေးတာမျိုးမဟုတ်ပေမဲ့ စိတ်ချလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ခေတ်မီမှုအပြည့်နဲ့ပါလို့ ဆိုလိုက်ချင်ပါတယ်။

Ref: 2021 Genesis G80 What We Know So Far by Car and Driver

Author