ထိုင်ရာမထ သွားရောက်လေ့လာနိုင်တဲ့ ကမ္ဘာကျော် ကားပြတိုက်များ

0

Full article

Corvette Museum

ပုံမှန်အားဖြင့်တော့ အမေရိက Kentucky ပြည်နယ်ဟာ ကြက်ကြော်နဲ့ပတ်သက်ပြီး ကမ္ဘာကျော်ပါတယ်။ KFC သို့မဟုတ် Kentucky Fried Chicken ပေါ့။ ဒါပေမဲ့ ကားချစ်သူတွေအတွက်တော့ Kentucky ဟာ Corvette ကားတွေရဲ့ အဓိပ္ပါယ်တူ နောက်ထပ်စာတစ်လုံးဖြစ်နေတော့တာပါပဲ။ ကားချစ်သူတိုင်း နှစ်သက်ခဲ့ကြဖူးတဲ့ Chevrolet ရဲ့ Corvette တွေပါ။​ Corvette ကားပြတိုက်က Kentucky မှာရှိပြီး သမိုင်းတစ်လျောက်ထုတ်လုပ်ခဲ့တဲ့ ကားအစီးရေ ၈၀ လောက်ကိုပြသထားပါတယ်။

ဒီနေရာ ကနေကိုယ်တိုင် သွားရောက်ကြည့်ရှုသလို ခံစားနိုင်ပါတယ်။

Henry Ford Museum

လာရောက်လည်ပတ်ကြည့်ရှုခဲ့သူပေါင်း ၁.၇ သန်းကျော်ရှိခဲ့ပြီဖြစ်တဲ့ Henry Ford Museum ဟာ ကားပြတိုက်တစ်ခုဆိုတာထက်ကို ပိုပါတယ်။ ဒါဟာ အမေရိက မော်တော်ယာဉ်သမိုင်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေတာပါ။ ပြသထားတာတွေက ကားတင်မကပါဘူး။ လေယာဉ်ပျံ၊ ရထားတဲ့အခြားစိတ်ဝင်စားစရာတွေလည်း ပြည့်နှက်လို့နေပါတယ်။ Ford ရဲ့ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ကားကနေ ယနေ့ခေတ်အထိ။ Thomas Edison ရဲ့ စမ်းသပ်ခန်းကနေ Rosa Parks bus တွေအထိ။ အမေရိကန် ကားသမိုင်းလေ့လာချင်ရင် Henry Ford Museum ကိုသွားလိုက်ပါတော့။

ဒီကနေလည်းကြည့်ရှုခံစားလို့ရတယ်နော်။

Honda Collection Hall

Honda ကားပြတိုက် ဒါမှမဟုတ် Honda Collection Hall ကတော့ ဂျပန်နိုင်ငံ Motegi မှာရှိပါတယ်။ ထုတ်ကုန်ပေါင်း ၃၀၀ ကျော်ပြသထားပြီး မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ပါဝါထုတ်ကုန်တွေနဲ့ ပြိုင်ကားစက်ပစ္စည်းတွေပါဝင်ပါတယ်။

ဒီ ၃၆၀ virtual ပြတိုက် ကနေ ကိုယ်တိုင်မရောက်သေးတောင်မှ ဝင်ရောက်ခံစားကြည့်ရှုနိုင်ကြမှာပါ။

McLaren Technology Centre

မော်တော်ကားဗိသုကာနဲ့ပတ်သက်ရင်တော့ McLaren ရဲ့ နည်းပညာဗဟိုဟာ ဘယ်သူမှကျော်သွားလို့မရတဲ့ နေရာတစ်ခုပါပဲ။ ဘာတစ်ခုမှ လွတ်မသွားအောင်ဆိုရင် ကိုယ်တိုင်ကိုယ်ကျသွားရောက်လည်ပတ်ကာ အသေးစိတ်လေ့လာကြည့်ရှုသင့်ပြီး online ကနေပဲခံစားမယ်ဆိုရင်တော့ ဒီနေရာ ကနေဝင်ရောက်လေ့လာလို့ရပါတယ်။

Mercedez-Benz Museum

၁၆,၅၀၀ စတုရန်းမီတာကျယ်ဝန်းတဲ့ မြေပြင်ပေါ်မျာ အထပ်ကိုးထပ်ရှိတဲ့ Mercedez-Benz Museum ဖြစ်ပါတယ်။ ဂျာမန်တို့ရဲ့ မော်တော်ကားထုတ်လုပ်ရေးမှာနာမည်ကျော်တဲ့ Stuttgart မြို့မှာတည်ရှိတာပါ။ ပြခန်းမှာ ပြသထားတဲ့ကားပေါင်း ၁၆၀ ကျော်နဲ့ ပြသမှုပေါင်း ၁,၅၀၀ ကျော်ရှိပါတယ်။ ၁၈၈၆ ခုနှစ် ကမ္ဘာ့ပထမဆုံး patented ကားကနေပြီး ယနေ့ခေတ်အထိ မော်တော်ယာဉ်သမိုင်းကြောင်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကို လေ့လာနိုင်တယ်လို့လည်း ဆိုနိုင်တာပါပဲ။

ထုံးစံအတိုင်း ဒီနေရာ ကနေပြီး ဝင်ရောက်လေ့လာပါ။

Museo Ferrari

Ferrari ရဲ့ ပြတိုက်ဆိုရင် ဘယ်လိုနေမှာပါလိမ့်။ ဒီကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တကယ်တော့ Ferrari မှာ ပြတိုက်က နှစ်ခုရှိတာပါ။ အခုပြတိုက်ကတော့ Maranello စက်ရုံနားမှာရှိတာဖြစ်ပြီး နောက်တစ်ခု Museo Enzo Ferrari ကတော့  Modena မှာရှိပါတယ်။ Michael Schumacher ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့တဲ့ Formula One ပြိုင်ကားကစပြီး Ferrari ရဲ့နာမည်ကျော် ခေတ်အဆက်ဆက် မြန်နှုန်းမြင့်ကားတွေကို တစ်စုတစ်စည်းထဲ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Museo Lamborghini

Sant’Agata Bolognese မှာတော့ ကားချစ်သူတိုင်း စိတ်ဝင်စားကြမယ့် Lamborghini ပြတိုက်ရှိပါတယ်။ သိကြတဲ့အတိုင်း Lamborghini ဆိုတာနဲ့ ထုတ်တဲ့ကားတိုင်းက စိတ်လှုပ်ရှားစရာ အားကြီးတွေနဲ့ချည်းပဲ။ Lamborghini ရဲ့သမိုင်း၊ Lamborghini ရဲ့ထုတ်ကုန်၊ Lamborghini ရဲ့ဒီဇိုင်းအဆင့်အဆင့်ပြောင်းလဲတိုးတက်ပုံတွေလေ့လာဖို့ရင် Museo Lamborghini ထက်ပိုကောင်းတဲ့နေရာ မရှိသေးပါဘူး။
ဒီနေရာ ကနေဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

Museo Horacio Pagani

Lamborghini ပြတိုက်ဝင်ခဲ့ပြီးပြီဆိုရင်တော့ Pagani ကိုလည်းမမေ့ပါနဲ့။ ကားမောင်နှင်မှုရဲ့ အိပ်မက်တွေဟာ Pagani ရဲ့လက်ကိုင်ခွေရဲ့အနောက်မှာ အများကြီးရှိနေကြတုန်းပါ။ ဟိုးအစောပိုင်း models တွေဖြစ်ကြတဲ့ Zonda ကနေပြီး အားကောင်းလှတယ်ဆိုတဲ့ Pagani Huayra အထိ စုံစုံလင်လင် ကြည်ရှုခံစားနိုင်မှာဖြစ်ပါတယ်။​

ဒီနေရာ ကသွားကြည့်ကြပါ။

Porsche Museum

Stuttgart ကိုရောက်ပြီဆိုမှာတော့ Porsche ပြတိုက်ကို မဝင်မဖြစ် ဝင်ခဲ့သင့်တာပေါ့။ တကယ်ကို အထင်ကြီးစရာတွေ စုစည်းထားတဲ့ပြတိုက်ရယ်။ ကားပေါင်း ၈၀ လောက်ပြသထားပြီး အဲဒီအထဲမှာ 911 လိုမျိုး အထင်ကရတွေလည်း ပါဝင်ပါတယ်။ Porsche တည်ထောင်သူ Ferdinand Porsche ရဲ့ဘဝဇာတ်ကြောင်းကို ရှာဖွေလေ့လာနိုင်သလို အနာဂတ် Porsche ကားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း လေ့လာနိုင်ပါတယ်။

ဒီနေရာ မှာပါ။

Ref: Nine car museums to visit from the comfort of your sofa

Author