သိန်းငါးရာအထက် ရွေးချယ်စရာ Brand New Sedan ကားများ ..

0

Full article

ပြီးခဲ့တဲ့အပတ်ကတော့ သိန်းငါးရာအောက်ထဲက ရွေးချယ်စရာ Brand New Sedan ကားတွေကို ဖော်ပြခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ သိန်းငါးရာအထက်က ရွေးချယ်စရာ Brand New Sedan ကားတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ Sedan ကားတွေဆိုတာ ဟိုနားဒီနားပဲသွားသွား တစ်ခါတလေခရီးပဲထွက်ထွက် မောင်းနှင်စီးနင်းလို့ကောင်းတဲ့ကားအမျိုးအစားတွေပါ။ တချို့ Sedan ကားလေးတွေဆိုရင် ဆီလည်းသိပ်မစားတဲ့အပြင် မိသားစုနဲ့ပါ သက်သောင့်သက်သာစီးနိုင်တာကိုတွေ့ရတယ်။ အခုဖော်ပြပေးမယ့်ကားလေးတွေထဲက ဘယ်ကားကကိုယ်နဲ့လိုက်ဖက်မလဲဆိုတာ ရွေးချယ်ကြည့်ရအောင်။ သိန်းငါးရာအထက်မှာဆိုရင် ရွေးချယ်စရာ ကားမော်ဒယ်ပေါင်း ၁၆ မျိုးထိ ရှိနေတယ်။ အခုဖော်ပြပေးသွားမယ့် သိန်းငါးရာအထက် Brand New Sedan ကားတွေကတော့ CarsDB Brand New Site မှာ တင်ထားတဲ့ ကားတွေဖြစ်ပြီး အဆိုပါ ကားမော်ဒယ်ပေါင်း ၁၆ မျိုးအတွက် ကားအမှတ်တံဆိပ်တွေကတော့  CHEVROLETHYUNDAIJAGUARMAZDAMERCEDES-BENZTOYOTAVOLVO တို့ပဲ ဖြစ်ပါတယ်။

သိန်းငါးရာနဲ့ သိန်းတစ်ထောင်ကြားထဲမှာဆိုရင် ရွေးချယ်စရာ ခုနှစ်မျိုးရှိမယ်။ ဒါဟာ အများဆုံးပမာဏလို့တောင်ဆိုလို့ရတယ်။ CHEVROLET Cruze  2019 က သိန်း ၅၅၀ ဝန်းကျင်လောက်ပဲ ရှိမယ်။ သူက ငါးယောက်စီးဖြစ်ပြီး အင်ဂျင်ပါဝါက 1400cc ပါ။ သိန်းငါးရာအထက်ထဲမှာ သူက ဈေးနှုန်းအချိုသာဆုံးလို့ ဆိုရမယ်။ သူ့ထက်ဈေးနည်းနည်းပဲ ပိုသုံးချင်တယ်ဆိုရင်တော့  HYUNDAI Sonata 2020 ရှိတယ်။ သူ့ဈေးနှုန်းက ၅၉၆ သိန်း ဝန်းကျင်လောက်ဖြစ်လို့  CHEVROLET Cruze  2019 ထက် သိန်း၄၀ လောက်တော့ ပိုသွားလိမ့်မယ်။ HYUNDAI Sonata 2020 ရဲ့ အင်ဂျင်ပါဝါက 1999cc ပါ။ အင်ဂျင်ပါဝါများများနဲ့ စီးချင်တဲ့သူအတွက်တော့ HYUNDAI Sonata 2020 က ပိုပြီး အဆင်ပြေလိမ့်မယ်ထင်တယ်။

CHEVROLET Cruze  2019  နဲ့  HYUNDAI Sonata 2020 ကတော့ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်သင့်တဲ့ ကားနှစ်စီးပါပဲ။

သိန်းခြောက်ရာကျော်ထဲမှာဆိုရင်တော့ ရွေးချယ်စရာနည်းတယ်။ Mazda 3 2020 တစ်စီးသာရှိမယ်။ ဒါတောင် ဒေါ်လာဈေးအတက်အကျအရဆိုရင် သူက သိန်း ၇၀၀ နားကိုကပ်နေတယ်။ သူ့အင်ဂျင်ပါဝါက 1500cc ဖြစ်ပြီး သိန်း ခြောက်ရာကျော်နဲ့ သိန်းခုနှစ်ရာဝန်းကျင်လောက်ပဲ ငွေသုံးချင်တဲ့သူတွေအတွက်တော့ Mazda 3 2020 တစ်စီးထဲသာ စဉ်းစားစရာရှိတယ်လို့ဆိုရမယ်။

သိန်းရှစ်ရာဝန်းကျင်ထဲမှာဆိုရင်တော့ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်ဖို့ နှစ်စီးရှိဦးမယ်။ သူတို့ကတော့ CHEVROLET Malibu 2019 နဲ့  TOYOTA Camry 2020 ပါ။ သူတို့နှစ်စီးကြား ဈေးနှုန်းကွာဟချက်က သိန်းငါးဆယ်ကျော်ကျော်လေးတော့ ရှိတယ်။ CHEVROLET Malibu 2019 က သိန်း ၇၇၀ ဝန်းကျင်ဖြစ်ပြီး TOYOTA Camry 2020 ကတော့ ၈၂၅ သိန်းဝန်းကျင်ဖြစ်ကြောင့် နှိုင်းယှဉ်ရွေးချယ်ဖို့သင့်တော်တဲ့ နှစ်စီးပါ။ အင်ဂျင်ပါဝါဆိုရင်တော့ CHEVROLET Malibu 2019 က 2000cc ဖြစ်ပြီး TOYOTA Camry 2020 က 2500cc ပါ။ နောက်ပြီးတော့ TOYOTA Camry 2020 နဲ့ နောက်ထပ်နှိုင်းယှဉ်ရွေးချယ်စရာဈေးနှုန်းသိပ်မကွာတဲ့ ကားတစ်စီးရှိပါသေးတယ်။ သူက Mazda 6 2019 ပါ။ သူ့ဈေးနှုန်းက ၈၅၃ သိန်းဖြစ်လို့ TOYOTA Camry 2020 နဲ့ဆိုရင် သိန်း ၂၀ ဝန်းကျင်လောက်သာ ကွာခြားမှာပါ။ Mazda 6 2019 ရဲ့ အင်ဂျင်ပါဝါက 2000cc ဖြစ်လို့ အင်ဂျင်ပါဝါနဲ့ ယှဉ်ပြီး ရွေးချယ်ဖို့တော့ အဆင်မပြေလောက်ဘူး။ ဒါပေမဲ့ သိန်း ရှစ်ရာနဲ့ ကိုးရာကြား သုံးမယ်၊ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်စရာလည်း ရှိရမယ်ဆိုရင်တော့ Mazda 6 2019 နဲ့ TOYOTA Camry 2020 နှစ်စီးကတော့ အသင့်လျော်ဆုံးပါပဲ။

သိန်းတစ်ထောင်ဝန်းကျင်ထဲမှာဆိုရင်တော့ ဈေးနှုန်းအရ  နှိုင်းယှဉ်ပြီး ရွေးချယ်ရမယ့်နှစ်စီးရှိနေတယ်။ တစ်စီးက သိန်းတစ်ထောင်အောက်ဖြစ်ပြီး တစ်စီးက သိန်းတစ်ထောင်အထက်ဖြစ်ပေမဲ့ ဒီနှစ်စီးအကြား ဈေးနှုန်းကွာခြားချက်က သိန်း ၇၀ဝန်းကျင်လောက်ပဲရှိလို့ နှိုင်းယှဉ်ပြီး ရွေးချယ်လို့ရတယ်လို့ ဆိုတာပါ။ အဲဒီနှစ်စီးကတော့ JAGUAR XE 2020 နဲ့  VOLVO S60 T6 Inscription 2019 တို့ပါ။ JAGUAR XE 2020 က သိန်း ၉၈၀ ဝန်းကျင်ဖြစ်ပြီး VOLVO S60 T6 Inscription 2019 က သိန်း ၁၀၅၀ ဝန်းကျင်ပဲဖြစ်တယ်။ အင်ဂျင်ပါဝါအရလည်း သိပ်ကွာခြားမှုမရှိတာကို တွေ့ရတယ်။ JAGUAR XE 2020 ရဲ့ အင်ဂျင်ပါဝါက 2000cc ဖြစ်ပြီး VOLVO S60 T6 Inscription 2019 ရဲ့ အင်ဂျင်ပါဝါက 1969 cc ဖြစ်တာကြောင့် ဈေးနှုန်းအရရော၊ အင်ဂျင်ပါဝါအရပါ နှိုင်းယှဉ်ရွေးချယ်လို့ကောင်းတဲ့ နှစ်စီးပါပဲ။

သိန်းတစ်ထောင်အထက်မှာဆိုရင်တောင် သိန်းတစ်ထောင်နဲ့ နှစ်ထောင်ကြားမှာ နှိုင်းယှဉ်ရွေးချယ်စရာနည်းနည်းရှိပါသေးတယ်။ သိန်းတစ်ထောင်နဲ့ နှစ်ထောင်ကြားမှာဆိုရင် ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်စရာ ငါးစီးရှိတယ်။ ဒီငါးစီးစလုံးကို ထိပ်တိုက်နှိုင်းယှဉ်ရွေးချယ်လို့ရတာမျိုးတော့ မဟုတ်ပါဘူး။

JAGUAR XF 2020 ရဲ့ ဈေးနှုန်းက သိန်း ၁၂၆၀ဝန်းကျင်ဖြစ်ပြီး အင်ဂျင်ပါဝါကတော့ 2000cc ပါ။ ဈေးနှုန်းအရ သူနဲ့နှိုင်းယှဉ်ရွေးချယ်နိုင်မယ့်ကားကတော့ Mercedes-Benz A-Class  200 2019 ပါ။ သူ့ဈေးနှုန်းကလည်း သိန်း ၁၂၆၀ ဝန်းကျင်ပဲ ဖြစ်လို့ ဈေးနှုန်းအရ ကွာဟချက်တောင်မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်စီးကြားမှာ အင်ဂျင်ပါဝါကတော့ ကွာဟချက်နည်းနည်းရှိပါတယ်။ Mercedes-Benz A-Class  200 2019 ရဲ့ အင်ဂျင်ပါဝါက 1332cc သာ ရှိပါတယ်။

သူတို့နှစ်စီးရဲ့အထက်မှာဆိုရင် သိန်း ၁၆၈၀ ဝန်းကျင်တန်ဖိုးရှိတဲ့ Mercedes-Benz C-Class AMG 200 2019 ရှိနေတယ်။ သူကတော့ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်စရာမရှိဘူးလို့ဆိုရမယ်။ သူ့ရဲ့ အင်ဂျင်ပါဝါက 1991cc ပါ။ ဆိုရရင် ဒီ သိန်းတစ်ထောင်နဲ့ နှစ်ထောင်ကြားမှာ Mercedes-Benz အမှတ်တံဆိပ်က အများဆုံးလို့တောင် ဆိုလို့ရတယ်။ သိန်း ၁၉၀၀ ဝန်းကျင်ထဲမှာဆိုရင် VOLVO S90 T5 Inscription 2019 ရှိမယ်။ သူနဲ့အနီးဆုံး နှိုင်းယှဉ်ဝယ်ယူလို့ရနိုင်တာက Mercedes-Benz E-Class 200 Exclusive 2020 ပါ။ သူက သိန်း ၁၉၆၀ ဝန်းကျင်ဖြစ်လို့  VOLVO S90 T5 Inscription 2019 ထက် သိန်း၆၀ကျော်ကျော်လောက်တော့ များပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်စီးက ဈေးနှုန်းအရ နှိုင်းယှဉ်ဝယ်ယူဖို့ အသင့်တော်ဆုံးဖြစ်နေတယ်။ အင်ဂျင်ပါဝါချင်းယှဉ်ကြည့်မယ်ဆိုရင်လည်း Mercedes-Benz E-Class 200 Exclusive 2020  ရဲ့ အင်ဂျင်ပါဝါက 1991cc ဖြစ်ပြီး VOLVO S90 T5 Inscription 2019 ရဲ့ အင်ဂျင်ပါဝါက  1969cc ဖြစ်လို့ အင်ဂျင်ပါဝါချင်းကတော့ ကြီးကြီးမားမားကွာဟချက်မရှိပါဘူး။ နောက်ထပ် သိန်း ၂၀၀၀ ဝန်းကျင်ထဲမှာ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်မယ်ဆိုရင်လည်း Mercedes-Benz E-Class 200 AMG  2020 တစ်စီးရှိသေးတယ်။ သူ့ဈေးနှုန်းကသိန်း ၂၀၀၀ ကို ဆယ်ဂဏန်းသာ စွန်းတာဖြစ်ပြီး တိတိကျကျပြောရရင် သိန်း ၂၀၃၀ခန့် ရှိတယ်။

လက်ရှိ CarsDB Brand New Site မှာတင်ထားတဲ့ သိန်း ၂၀၀၀ အထက် Sedan ကားက သုံးစီးရှိပြီး အဆိုပါသုံးစီးစလုံးက Mercedes-Benz တွေပဲ ဖြစ်ပါတယ်။ သိန်း ၂၆၆၀ ဝန်းကျင်မှာ Mercedes-Benz CLS 350 4MATIC Coupe AMG 2019 ရှိပြီး သိန်း ၅၀၀၀ ဝန်းကျင်မှာတော့ Mercedes-Benz S-Class 450 2019 ရှိနေတာကို တွေ့ရမှာပါ။

CarsDB Brand New Site မှာ တင်ထားတဲ့ Brand New Sedan ကားတွေဟာ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်စရာတွေ တော်တော်လေးစုံလင်များပြားပြီး အခု သိန်းငါးရာအထက် Brand New Sedan ကားတွေထဲမှာတောင် နှိုင်းယှဉ်ရွေးချယ်စရာတွေ တော်တော်လေးများပြားနေတာကို တွေ့ရပါသေးတယ်။ လက်ရှိ ဖော်ပြပေးခဲ့တဲ့ ကားတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း CarsDB Brand New Site မှာ အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပြီး ကိုယ်လိုချင်တဲ့ ကားနဲ့ ကိုယ်သုံးချင်တဲ့ ငွေပမာဏကို ချိန်ဆပြီးဝယ်ယူနိုင်ဖို့အတွက် အင်မတန်လွယ်ကူပါတယ်။ တစ်ခုပဲ သတိပြုရမှာက ဈေးနှုန်းတွေက ဒေါ်လာတွေနဲ့ ဖော်ပြထားတာဖြစ်လို့ ဒေါ်လာဈေးအတက်အကျအရ အနည်းနဲ့အများတော့ အပြောင်းအလဲအချို့ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကားဈေးနှုန်းတွေကို အခုလို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်တာကြောင့် ကားဝယ်ယူမယ့်မိတ်ဆွေ၊ ကားချစ်သူတွေအတွက် လေ့လာနှိုင်းယှဉ်ဝယ်ယူနိုင်ဖို့ ပိုမိုအဆင်ပြေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။        ။

Author