သိန်းငါးရာအောက်ထဲက နှိုင်းယှဉ်ရွေးချယ်စရာ Brand New Sedan ကားများ

0

Full article

ပြီးခဲ့တဲ့ဆောင်းပါးမှာတုန်းက SUV ကားတွေရဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးခဲ့တယ်။ အခုတစ်ခါမှာတော့ သိန်းငါးရာအောက် Sedan ကားအမျိုးအစားတွေကို ဖော်ပြပေးသွားမှာပါ။ Sedan ကားအမျိုးအစားတွေက တစ်ခါတစ်လေ ခရီးထွက်တာမျိုးတွေနဲ့ နေ့စဉ်သွားလာရေးအတွက် မောင်းနှင်ဖို့ဆိုရင် အသင့်လျော်ဆုံးကားတွေလို့ ဆိုလို့ရတယ်။ ဆီစားနှုန်းကလည်း အသင့်အတင့်ပဲဆိုတော့။ လက်ရှိမှာတော့ Brand New ကားဈေးကွက်ဟာ တော်တော်လေးအားကောင်းလာပြီး ဒီထဲမှာမှ သိန်းငါးရာအောက် Brand New Sedan ကားတွေ ပိုပြီးအရောင်းသွက်တယ်လို့တောင်ဆိုလို့ရပါတယ်။ ဒါကြောင့် CarsDB Brand New Site မှာတင်ထားတဲ့ Sedan ကားတွေထဲက သိန်ငါးရာအောက်နဲ့ ရရှိနိုင်မယ့် Sedan ကားတွေကို ဖော်ပြပေးသွားချင်ပါတယ်။

သိန်းငါးရာအောက်ထဲက Sedan ကားတွေထဲမှာဆိုရင် ရွေးချယ်စရာ ကားမော်ဒယ်ပေါင်း ဆယ့်တစ်မျိုးထိ ရှိပါတယ်။ အဲဒီ ဆယ့်တစ်မျိုးက ဘာတွေဖြစ်မလဲဆိုတာ တစ်ချက်ကြည့်ရအောင်။

သိန်းငါးရာအောက်ထဲမှာမှ ဈေးအသက်သာဆုံးနဲ့ ရရှိနိုင်မှာကတော့ HYUNDAI Grand i-10 2020 ပဲ  ဖြစ်ပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ အင်ဂျင်ပါဝါက 1248cc ဖြစ်ပြီး ငါးယောက်စီးပါ။ ဈေးနည်းနည်းနဲ့ Sedan ကားစီးချင်တယ်ဆိုရင်တော့ HYUNDAI Grand i-10 2020 ရှိမယ်။ သူ့ရဲ့ဈေးနှုန်းက ၂၃၂ သိန်းသာ ကျသင့်မှာပါ။

သိန်းသုံးရာအောက်ထဲမှာတင် နောက်ထပ်ရနိုင်မယ့် မော်ဒယ်ပေါင်း ခြောက်ခုရှိနေပါသေးတယ်။ ဆိုရရင် သိန်းနှစ်ရာနဲ့ သိန်းသုံးရာကြားထဲမှာ ရွေးချယ်စရာကားက တော်တော်လေးများတယ်ဆိုရမယ်။

SOUEAST A5 2020 ကတော့ အင်ဂျင်ပါဝါ 1499cc ဖြစ်ပြီး ငါးယောက်စီးပါ။ သူ့ရဲ့ ဈေးနှုန်းက ၂၅၅ သိန်းဖြစ်လို့ HYUNDAI Grand i-10 2020 ထက်တော့ ၂၂ သိန်းပိုများတယ်လို့ ဆိုရမယ်။

MITSUBISHI Motors Attrage 2019 ဆိုရင် ၂၆၅ သိန်းနဲ့ ရရှိနိုင်မှာပါ။ သူ့ရဲ့ အင်ဂျင်ပါဝါကတော့ 1200cc ဖြစ်ပြီး သူလည်းငါးယောက်စီးပါ။ ဈေးအနည်းဆုံး HYUNDAI Grand i-10 2020 နဲ့ ဈေးနှုန်းအရ ၃၃သိန်းသာ ကွာခြားချက်ရှိသလို SOUEAST A5 2020 နဲ့လည်း ၁၀သိန်းသာ ကွာဟချက်ရှိလို့ ယှဉ်ပြီးရွေးချယ်ဝယ်ယူလို့ရတာက မဆိုးဘူးလို့ပြောရမယ်။

SUZUKI Ciaz 2020 ကတော့ အထက်က သုံးစီးထက် ဈေးနည်းနည်းမြင့်တယ်ဆိုပေမဲ့ သူ့ကိုလည်းယှဉ်ပြီး ရွေးချယ်လို့တော့ ရပါတယ်။ သူ့ဈေးနှုန်းက ၂၇၂ သိန်းဖြစ်လို့  MITSUBISHI Motors Attrage 2019 နဲ့ဆိုရင် ခုနှစ်သိန်းသာ ကွာခြားမှာပါ။ SUZUKI Ciaz 2020 ရဲ့ အင်ဂျင်ပါဝါက 1400cc ဖြစ်ပါ။  သူလည်းငါးယောက်စီးပါပဲ။ လက်ရှိဈေးကွက်မှာတော့ အရောင်းသွက်နေတယ်လို့ ဆိုရမယ်။

SUZUKI Ciaz 2020 နဲ့ ယှဉ်ရွေးလို့ရမယ့် နောက်တစ်စီးကတော့ BAIC D50 2020 ပါ။ BAIC D50 2020 ရဲ့ ဈေးနှုန်းက မြန်မာငွေ ၂၇၉ သိန်းဖြစ်တာကြောင့် SUZUKI Ciaz 2020 နဲ့ ခုနှစ်သိန်းသာ ကွာဟချက်ရှိမယ်။ အင်ဂျင်ပါဝါကတော့ BAIC D50 2020 က နည်းနည်းပိုမြင့်မယ်။ သူ့ရဲ့ အင်ဂျင်ပါဝါက 1499cc ဖြစ်ပြီး ငါးယောက်စီးပါ။ ဆိုရရင် SUZUKI Ciaz 2020 နဲ့ BAIC D50 2020 က ဈေးနှုန်းအရ၊ အင်ဂျင်ပါဝါအရ ကိုယ်နှစ်သက်ရာ ရွေးချယ်ဝယ်ယူဖို့အတွက် အသင့်တော်ဆုံးပါပဲ။

သိန်းသုံးရာပတ်ချာလည်မှာဆိုရင်တော့ HYUNDAI Accent  2020 နဲ့  TOYOTA Vios 2020 တို့ရှိမယ်။ ဒီနှစ်စီးဟာ အင်ဂျင်ပါဝါအရရော ဈေးနှုန်းအရပါ မတိမ်းမယိမ်းဖြစ်လို့ ယှဉ်ပြီးရွေးချယ်လို့ကောင်းတဲ့ နှစ်စီးပါ။ HYUNDAI Accent  2020 က ၂၉၉သိန်းဖြစ်ပြီး TOYOTA Vios 2020 က ၃၀၅ သိန်းပါ။ HYUNDAI Accent  2020 ရဲ့ အင်ဂျင်ပါဝါက 1368cc ဖြစ်သလို TOYOTA Vios 2020 ရဲ့ အင်ဂျင်ပါဝါက 1300cc ပါ။ တစ်ခုတော့ရှိတယ် HYUNDAI Accent 2020 က ငါးယောက်စီးဖြစ်ပြီး TOYOTA Vios 2020 လေးယောက်စီးဖြစ်တာကြောင့် ကိုယ်စီးမယ့်လူဦးရေနဲ့ ချိန်ဆပြီး ရွေးချယ်ဝယ်ယူလို့ရတာပေါ့။

သိန်းသုံးရာအထက်နဲ့ သိန်းငါးရာဝန်းကျင်ထဲမှာဆိုရင်တော့ ရွေးချယ်စရာတော့ နည်းသွားလိမ့်မယ်။ လေးစီးပဲရှိမယ်။ အဲဒီလေးစီးကတော့ BAIC D70 2020CHEVROLET Sail 2019GAC GA4 2019TOYOTA Corolla Altis 2020 တို့ပဲ ဖြစ်တယ်။ ဒီလေးစီးထဲမှာတောင် ယှဉ်ရွေးစရာက နှစ်စီးပဲ ရှိတယ်။ GAC GA4 2019 က ၅၀၂သိန်းနဲ့  TOYOTA Corolla Altis 2020 က ၅၀၄သိန်း တို့ကတော့ နှစ်စီးကြား နှစ်သိန်းသာကွာဟချက်ရှိလို့ ဒီနှစ်စီးကတော့ ယှဉ်ရွေးလို့ရမယ်။

GAC GA4 2019 က အင်ဂျင်ပါဝါ 1495cc ဖြစ်ပြီး ငါးယောက်စီးပါ။ TOYOTA Corolla Altis ကတော့ အင်ဂျင်ပါဝါ 1600cc နဲ့ သူလည်းငါး‌ယောက်စီးပါ။ ဈေးနှုန်းအရ ဒီနှစ်စီးဟာ ယှဉ်ရွေးလို့ရပေမဲ့ အင်ဂျင်ပါဝါအရတော့ TOYOTA Corolla Altis က ပိုများပါတယ်။

သိန်း သုံးရာ့ခြောက်ဆယ် ပတ်ချာလည်လောက်သုံးမယ်ဆိုရင်တော့ BAIC D70 2020 ရှိမယ်။ သူ့ရဲ့ဈေးနှုန်းက ၃၅၈သိန်းပါ။ အင်ဂျင်ပါဝါက  1499cc ဖြစ်ပြီး ငါးယောက်စီးပါ။ သူကတော့ ဈေးနှုန်းအရ နှိုင်းယှဉ်ရွေးချယ်စရာနည်းတယ်။ သူ့အောက်မှာ TOYOTA Vios 2020 က ၃၀၅သိန်းနဲ့ သူ့အထက်မှာ CHEVROLET Sail 2019 က ၄၀၆သိန်းနဲ့ ရှိနေတာကြောင့် ဈေးနှုန်းအရတော့ရွေးချယ်စရာမရှိဘူးလို့ ဆိုရမှာပါ။

သိန်း လေးရာ ပတ်ချာလည်မှာဆိုရင်တော့ CHEVROLET Sail 2019 ရှိမယ်။ သူ့ဈေးတန်းမှာလည်း ရွေးချယ်စရာနည်းပါးတယ် ဆိုရမယ်။ သူ့အောက်ကနဲ့ သူနဲ့ကြားထဲမှာတောင် သိန်းငါးဆယ်နီးပါးလောက်ကွာခြားနေသလို အထက်က GAC GA4 2019 နဲ့လည်း ၉၆သိန်းလောက်ကွာဟချက်ရှိနေတယ်။ CHEVROLET Sail 2019 ရဲ့ အင်ဂျင်ပါဝါက 1500cc ဖြစ်ပြီး ဈေးနှုန်းကတော့ ၄၀၆သိန်းပါ။

အခုဖော်ပြပေးခဲ့တဲ့ Sedan ကားတွေကတော့ CarsDB Brand New Site မှာ တင်ထားတဲ့ ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအရ အပြောင်းအလဲအနည်းငယ်တော့ ရှိနိုင်ပါတယ်။ အချို့ကားတွေက မြန်မာငွေနဲ့ဖော်ပြထားတာမဟုတ်ဘဲ ဒေါ်လာနဲ့ဖော်ပြထားတာဖြစ်လို့ ဒေါ်လာဈေးအတက်အကျအရ အပြောင်းအလဲရှိနိုင်တယ်။ အခု ဖော်ပြပေးခဲ့တဲ့ Sedan ကားတွေထဲက မိမိနဲ့ကိုက်ညီမယ့် ကားတွေကို နှိုင်းယှဉ်ဝယ်ယူနိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။

နောက်တစ်ပတ်မှာတော့ သိန်းငါးရာအထက် Sedan ကားတွေရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရွေးချယ်စရာကားတွေကို ထပ်မံဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။       ။

Editor’s Note : ရွေးချယ်စရာ SUVs များနှင့် sedans များ ဆောင်းပါးတို့တွင် Kia အမှတ်တံဆိပ်နှင့် Nissan အမှတ်တံဆိပ်တို့ ကျန်ခဲ့သည်ကိုတွေ့ကြရပေလိမ့်မည်။ ထိုသို့ကျန်ခဲ့ရခြင်းမှာ ရေးသားသူသည် အချက်အလက်ရင်းမြစ်အဖြစ် CarsDB.com မှသာရယူထားသောကြောင့်ဖြစ်၏။ အခြားမည်သည့် ရည်ရွယ်ချက်များမှရှိမနေပါကြောင်းနှင့် sedan ထဲမှဆိုလျင် ဥပမာအားဖြင့် $20,000 (၂၈၈ သိန်း) ဝန်းကျင်ဖြင့်ရောင်းချလျက်ရှိသော နိုင်ငံအတွင်းလူကြိုက်များလှသည့် Nissan Sunny သည်လည်ကောင်း၊  SUV အမျိုးအစားထဲမှာဆိုလျင် အတွင်းခန်းအရည်အသွေးမြင့်မားခြင်း feature စုံလင်ခြင်းတို့ဖြင့် နာမည်ကျော်လျက်ရှိသည့် $62,000 တန် mid-size crossover SUV KIA Sorento  နှင့် $47,000 နှင့်ရောင်းချလျက်ရှိသော compact crossover SUV KIA Sportage တို့သည်လည်းကောင်း၊ သိန်း ၅၀၀ ဝန်းကျင်အတွင်းကဆိုလျင် Kia ၏ နောက်ဆုံးထွက် $29,650 တန်ဖိုးရှိ Kia Cerato သည်လည်းကောင်း ရွေးချယ်ဖို့သင့်တော်သလို ရွေးချယ်မောင်းနှင်သူများထံမှလည်း ကောင်းမွန်သည့်မှတ်ချက်များသာ ကြားသိရပါကြောင်း ဖြည့်စွက်ပြောကြားလိုပါသည်ခင်ဗျာ။

Author