Brand New ကားတွေထဲမှာ SUV ကိုမှ စီးချင်တယ်ဆိုရင် ….

0

Full article

ကျနော်တို့နိုင်ငံဟာ ဟိုးအရင်တုန်းကလို တစ်ပတ်ရစ်ကားတွေနဲ့ပဲ နှစ်ပါးသွားရတော့မယ့်ကာလမဟုတ်တော့ပါဘူး။ လက်ရှိအချိန်ဟာ ကိုယ်ကြိုက်နှစ်သက်ရာ Brand New ကားတွေကို ရွေးချယ်ဝယ်ယူနိုင်တဲ့ အချိန်တစ်ခုပါပဲ။ လက်ရှိကျနော်တို့ဆီမှာ SUV ကားတွေဟာ လူကြိုက်များလာတယ်။  SUV ကားတွေက ခန့်ထည်မှုနဲ့ ဝင့်ဝင့်ကြွားကြွားရှိသလို ခရီးဝေးတွေသွားဖို့အတွက်လည်း သက်သောင့်သက်သာရှိတာကြောင့် လူတွေ နှစ်သက်လာကြတာလို့ ထင်မိတယ်။ ဒီဘက်နှစ်တွေမှာလည်း SUV ကားထုတ်လုပ်မှုတွေက ကားကုမ္ပဏီတွေကြား အပြိုင်အဆိုင်ဖြစ်လာတာကို တွေ့ရတယ်။ အဲဒါကြောင့် ကားချစ်သူမိတ်ဆွေအနေနဲ့ ဈေးနှုန်းအမျိုးမျိုးရှိတဲ့ SUV ကားတွေထဲကမှ ကိုယ့်ကြိုက်နှစ်သက်မှုနဲ့ ကိုယ်တတ်နိုင်တဲ့ဈေးနှုန်း တစ်ထပ်တည်းကျတဲ့ SUV ကားတွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် CarsDB Brand New မှာ တင်ထားတဲ့ SUV ကားတွေရဲ့ ဈေးနှုန်းတွေနဲ့ အမှတ်တံဆိပ်တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အရင်ဆုံးမိတ်ဆွေအနေနဲ့ Brand New SUV တစ်စီးအတွက်  ငွေပမာဏဘယ်လောက်သုံးချင်လည်း ဆိုတာပေါ်မှာ မူတည်ပြီး ဈေးနှုန်းတွေ အမျိုးမျိုးရှိပါတယ်။ CarsDB Brand New Section မှာဆိုရင် Brand New ကားအမှတ်တံဆိပ်ပေါင်း ၂၉ ခုထိ တင်ထားတာဖြစ်ပြီး ဒီထဲမှာမှ SUV ကားမော်ဒယ် ၅၅ မျိုးထိ ရှိပါတယ်။ ဆိုရရင် SUV အတွက် ရွေးချယ်စရာ ၅၅ မျိုးထိ ရှိနေတယ်။

တကယ်လို့ မိတ်ဆွေဟာ ငါးယောက်စီး SUV တစ်စီးကို သိန်း ၃၀၀ ဝန်းကျင်လောက်နဲ့ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ .. BRILLIANCE V3 2019CHANGHE Q35 2020LIFAN Motors X50 2020LIFAN Motors X60 2020SOUEAST DX3 2020 တို့ရှိမယ်။

ဒီ သိန်း ၃၀၀ ပတ်ချာလည်ထဲမှာ LIFAN Motors X60 2020 နဲ့ SOUEAST DX3 2020  တို့ရဲ့ ဈေးနှုန်းကတော့ နည်းနည်းလေးမြင့်နေပြီး BRILLIANCE V3 2019CHANGHE Q35 2020LIFAN Motors X50 2020 တို့ရဲ့ ဈေးနှုန်းကတော့ သိန်း ၃၀၀ ‌တောင် မပြည့်တာဖြစ်လို့ SUV လည်း စီးချင်တယ်၊ ဈေးနှုန်းအားဖြင့်လည်း ချိုသာတာကိုကြိုက်တယ်ဆိုရင် အထက်ပါအမှတ်တံဆိပ်တွေက ဝယ်ယူဖို့အသင့်တော်ဆုံးပါပဲ။

နောက်ထပ်ဈေးနှုန်းသင့်တင့်တဲ့ ငါးယောက်စီး SUV ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ရွေးချယ်စရာလည်း ပိုများပြားလာတယ်။ အထူးသဖြင့် သိန်း ၄၀၀ ပတ်ချာလည်နဲ့ သိန်း ၆၀၀ အောက်လောက် ငွေပမာဏလောက်သုံးချင်တယ်ဆိုရင် အမှတ်တံဆိပ်လည်းပိုစုံသလို ရွေးချယ်စရာတွေလည်း ပိုများပြားလာပါလိမ့်မယ်။

BAIC X55 2020BORGWARD BX5 2020BRILLIANCE V6 2019FORD Ecosport 1.0 AT (Titanium) 2019GAC GS3 2019HYUNDAI Creta (SKD) 2020JETOUR X70 2020LIFAN Motors X70 2020MITSUBISHI Motors All New ASX 2020SOUEAST DX7 Prime 2020 တို့ရှိမယ်။

ဒီဈေးနှုန်းသင့်တင့်တဲ့အထဲမှာ BAIC X55 2020JETOUR X70 2020LIFAN Motors X70 2020၊ SOUEAST DX7 Prime 2020 တို့က သိန်းလေးရာအောက်လောက်နဲ့ ရနိုင်မှာဖြစ်ပြီး သိန်းလေးရာအထက်နဲ့ သိန်းငါးရာကြားထဲမှာဆိုရင်တော့ BRILLIANCE V6 2019FORD Ecosport 1.0 AT (Titanium) 2019၊ GAC GS3 2019HYUNDAI Creta  2020 တို့ကို ရရှိနိုင်မှာပါ။ သိန်းငါးရာနဲ့ သိန်းခြောက်ရာကြားထဲမှာတော့ MITSUBISHI Motors All New ASX 2020BORGWARD BX5 2020 တို့ ရှိနေတယ်။

ငွေနည်းနည်းလည်း မသုံးချင်၊ သိန်းတစ်ထောင်ထက်လည်း မကျော်လွန်ချင်သူတွေအတွက် သိန်းခြောက်ရာနဲ့ သိန်းတစ်ထောင်ကြား ငါးယောက်စီး SUV တွေထဲမှာဆိုရင်တော့ BORGWARD BX7 TS 2020CHEVROLET Trax 2019GAC GS7 2019GAC GS5 2019HYUNDAI Tucson 2020JAGUAR E-Pace 2020PEUGEOT 3008 2019 ဒီအမျိုးအစားတွေကို ရရှိနိုင်တယ်။

ဒီ သိန်း ခြောက်ရာနဲ့ သိန်း တစ်ထောင်ကြားထဲမှာတော့ နည်းနည်းလေးရွေးချယ်စရာနည်းတယ်လို့ထင်မိတယ်။ နောက်ပြီးတော့ ဈေးနှုန်းအားဖြင့်လည်း မတိမ်းမယိမ်းရွေးချယ်စရာသိပ်မရှိဘူး။ CHEVROLET Trax 2019 နဲ့ HYUNDAI Tucson 2020 တို့ကတော့ သိန်း ခြောက်ရာစွန်းစွန်းလောက်နဲ့ ရနိုင်မယ့်အမျိုးအစားတွေဖြစ်ပြီး သိန်း ခုနှစ်ရာနဲ့ ခုနစ်ရာစွန်းစွန်းထဲမှာဆိုရင်တော့ GAC GS5 2019 နဲ့ GAC GS7 2019 ရှိမယ်။ BORGWARD BX7 TS 2020 က သိန်း ရှစ်ရာဖြစ်ပြီး PEUGEOT 3008 2019 က သိန်း ရှစ်ရာ့ခြောက်ဆယ် ဝန်းကျင်လောက်ဖြစ်လို့ သိန်း ရှစ်ရာနဲ့ ကိုးရာကြားထဲ အသုံးပြုချင်သူတွေအတွက်လည်း ရွေးချယ်စရာနည်းပါးနေတာကို တွေ့ရတယ်။ JAGUAR E-Pace 2020 ကတော့ သိန်းတစ်ထောင်ကို နည်းနည်းလေးကျော်လိမ့်မယ်ဗျ။

သိန်းတစ်ထောင်အထက် ငါးယောက်စီး SUV တွေ ဆိုရင်တော့ ရွေးချယ်စရာပြန်များပြားလာပါလိမ့်မယ်။ သိန်းတစ်ထောင်အထက် ငါးယောက်စီး SUV အမျိုးအစားတွေထဲမှာ JAGUAR က တစ်စီး၊ LAND ROVER က ခုနှစ်စီး နဲ့ VOLVO က လေးစီးအထိ ရွေးချယ်စရာတွေရှိနေပါတယ်။

JAGUAR မှာ ဆိုရင် JAGUAR F-Pace 2020 က သိန်း ၁,၄၀၀ ဝန်းကျင်လောက်ရှိမယ်။

LAND ROVER မှာဆိုရင် LAND ROVER Range Rover Vogue 2020LAND ROVER Range Rover Velar 2020LAND ROVER Range Rover Velar 2020LAND ROVER Range Rover Sport 2020LAND ROVER New Discovery Sport 2020LAND ROVER Range Rover Evoque 2020 တို့လို အမှတ်တံဆိပ်တွေရှိမယ်။ ဈေးနှုန်းအားဖြင့်လည်း ရွေးချယ်စရာများပြားတယ်လို့ ထင်မိတယ်။ သိန်းတစ်ထောင်စွန်းစွန်းလောက်ထဲမှာဆိုရင် LAND ROVER New Discovery Sport 2020LAND ROVER Range Rover Evoque 2020 တို့ရှိမယ်။ သိန်းထောင့်ငါးရာနဲ့ နှစ်ထောင်ကြားထဲမှာဆိုရင် LAND ROVER Range Rover Velar 2020 ရှိမယ်။ သိန်းနှစ်ထောင်နဲ့ သုံးထောင်ကြားမှာဆိုရင်တော့ LAND ROVER Discovery 2020 သိန်းနှစ်ထောင့်တစ်ရာဝန်းကျင်နဲ့ ၊ LAND ROVER Range Rover Sport 2020 ကတော့ သိန်းနှစ်ထောင့်ရှစ်ကျော်ကျော်လောက်ရှိတာကို တွေ့ရမှာဖြစ်ပြီး LAND ROVER Range Rover Vogue 2020 ကတော့ သိန်းလေးထောင်နားထိ ကပ်နေတာကို တွေ့ရတယ်။

VOLVO ထဲမှာဆိုရင်တော့ ရွေးချယ်စရာ လေးမျိုးတောင်ရှိနေတယ်။ VOLVO XC60 T6 Inscription 2019 က ဈေးအမြင့်ဆုံးဖြစ်ပြီး သူ့ရဲ့ ဈေးနှုန်းက သိန်းထောင့်ရှစ်ရာကျော်ကျော်လောက်ရှိပါတယ်။ VOLVO ငါးယောက်စီး SUV ထဲမှာ ဈေးအနိမ့်ဆုံးလို့ဆိုရမယ့် VOLVO XC40 T5 Momentum 2019 က သိန်းထောင့်နှစ်ရာနီးပါးရှိမယ်။ အခြားမော်ဒယ်နှစ်ခုဖြစ်တဲ့ VOLVO XC60 T6 Momentum 2019 က သိန်းထောင့်ခြောက်ရာနဲ့ VOLVO XC40 T5 R-Design 2019  က သိန်းထောင့်လေးရာ ဝန်းကျင်လောက်မှာ ရှိနေပါတယ်။ သိန်းတစ်ထောင်နဲ့ နှစ်ထောင်ကြားမှာဆိုရင် VOLVO က ရွေးချယ်စရာပိုများတဲ့ သဘောပါပဲ။

အထက်က ရေးခဲ့တာတွေကတော့ CarsDB Brand New Website မှာ တင်ထားတဲ့ ငါးယောက်စီး SUV ကားတွေထဲက ရွေးချယ်စရာအမှတ်တံဆိပ်နဲ့ မော်ဒယ်တွေပဲ ဖြစ်တယ်။ ဒီထဲမှာ သိန်း သုံးရာဝန်းကျင်လောက်ကနေ သိန်း လေးထောင်နီးပါးအထိ တန်ဖိုးရှိတဲ့ SUV ကားတွေကို ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်တယ်။

တကယ်လို့ ငါးယောက်စီး SUV တွေကို မကြိုက်ဘဲ ခုနှစ်ယောက်စီးမှ ကြိုက်နှစ်သက်သူတွေအတွက်လည်း CarsDB Brand New Website မှာ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်။ အခုလက်ရှိ တင်ထားတဲ့ အမှတ်တံဆိပ်တွေနဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးရမယ်ဆိုရင် .. ခုနှစ်ယောက်စီး SUV ထဲမှာ ရွေးချယ်စရာအမှတ်တံဆိပ်ဆယ်ခုနဲ့ မော်ဒယ်ပေါင်း ဆယ့်ရှစ်မျိုးထိ ရှိပါတယ်။

ဈေးနှုန်းအရကြည့်မယ်ဆိုရင်တော့ အနိမ့်ဆုံးအဖြစ် သိန်းလေးရာဝန်းကျင်လောက်က စ တာကို တွေ့ရမယ်။ ခုနှစ်ယောက်စီးမှာ ဈေးနှုန်းအရတော့ သိပ်ပြီးနည်းပါးတာမျိုးမတွေ့ရဘူးဆိုပေမဲ့ ရွေးချယ်စရာ အမှတ်တံဆိပ်၊ မော်ဒယ်တွေများပြားသလို ဈေးနှုန်းအားဖြင့်ကြည့်မယ်ဆိုရင်လည်း မတိမ်းမယိမ်းတွေများပါတယ်။ သိန်းတစ်ထောင်အောက်ထဲမှာကို မော်ဒယ်ရှစ်ခုလောက်ထိ ရှိနေတယ်။ သိန်းလေးရာဝန်းကျင်ထဲမှာဆိုရင် TOYOTA Rush 2020 က ၃၉၉သိန်းလို့ ဆိုထားတယ်။ ပြီးရင်တော့ သိန်းငါးရာဝန်းကျင်ထဲမှာလည်း BRILLIANCE V7 2019 က ၄၇၈သိန်းဝန်းကျင် ရှိနေတယ်။ BORGWARD BX7 2020 က ၆၉၈သိန်း၊ဝန်းကျင် HYUNDAI SantaFe 2020 က သိန်း ၇၇၀ဝန်းကျင် ပါ။ အဲဒီထက် နည်းနည်းလေးထပ်တက်မယ်ဆိုရင် သိန်း ရှစ်ရာနဲ့တစ်ထောင်ကြားထဲမှာ GAC GS8 2019 က သိန်း ၈၈၀ ဝန်းကျင်၊ TOYOTA Fortuner 2020 က သိန်း ၈၉၀ ဝန်းကျင် နဲ့ သိန်းကိုးရာနဲ့တစ်ထောင်ကြားထဲမှာဆိုရင်တော့ PEUGEOT 5008 2019 က ၉၃၅ သိန်းဝန်းကျင်ခန့်၊ FORD Everest (Titanium) 3.2 6AT 2019 ကတော့ ၉၀၉ သိန်းဝန်းကျင်ခန့် နဲ့ CHEVROLET Trailblazer 2019 ကတော့ သိန်း တစ်ထောင်ကို ပါးပါးလေးကျော်သွားတယ်။

ဒီခုနှစ်ယောက်စီး SUV ထဲမှာ ဈေးနှုန်းအရ ရွေးချယ်စရာအနည်းဆုံးက သိန်းတစ်ထောင်နဲ့ နှစ်ထောင်ကြားပါပဲ။ သိန်းတစ်ထောင်နဲ့ နှစ်ထောင်ကြားထဲမှာဆိုရင် ရွေးချယ်စရာမော်ဒယ် FORD Explorer 2.3 6AT XLT 2018 တစ်စီးသာရှိတာကို တွေ့ရမယ်။ FORD Explorer 2.3 6AT XLT 2018 ရဲ့ ဈေးနှုန်းက  ၁,၃၆၅ သိန်းဝန်းကျင် ဖြစ်ပါတယ်။ ပြီးရင်တော့ ရွေးချယ်စရာပြန်လည်များပြားလာတာက သိန်းနှစ်ထောင်နဲ့ သုံးထောင်ကြားမှာပါ။ သိန်းနှစ်ထောင်နဲ့သုံးထောင်ကြားမှာဆိုရင် ရွေးချယ်စရာမော်ဒယ် ခုနှစ်မျိုးထိ ရှိနေတယ်။ ဒါပေမဲ့ အမှတ်တံဆိပ်အရကြည့်မယ်ဆိုရင်တော့ ရွေးချယ်စရာသုံးခုသာ ရှိတာကို တွေ့ရမှာပါ။ အဲဒါကတော့ CHEVROLETTOYOTA နဲ့ VOLVO တို့ပဲ ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်တွေထဲမှာမှ VOLVO က မော်ဒယ်လေးခုအထိ အများဆုံးရွေးချယ်စရာရှိနေတာပါ။

CHEVROLET ထဲမှာဆိုရင်  CHEVROLET  Suburban 2019 နဲ့ CHEVROLET Tahoe 2019 တို့ ရှိနေတယ်။ CHEVROLET  Suburban 2019 က ၂,၆၄၆ သိန်းဝန်းကျင်ဖြစ်ပြီး CHEVROLET Tahoe 2019 ကတော့ ၂,၃၆၆သိန်းဝန်းကျင်ပါ။

TOYOTA ထဲမှာဆိုရင် TOYOTA Landcruiser 200 2020 တစ်မျိုးထဲသာရှိပြီး သူ့ဈေးနှုန်းကတော့ ၂,၆၁၉ သိန်းဝန်းကျင်ပဲ ဖြစ်ပါတယ်။

VOLVO မှာဆိုရင်တော့ VOLVO XC90 D5 Momentum 2019 က သိန်း ၂,၀၃၀ ဝန်းကျင်ဖြစ်ပြီး VOLVO XC90 D5 Inscription 2019 က သိန်း ၂,၂၀၀ ဝန်းကျင်ပါ။ အခြား မော်ဒယ်နှစ်ခုဖြစ်တဲ့ VOLVO XC90 T6 Inscription 2019 နဲ့ VOLVO XC90 T6 R-Design 2019 ကတော့ သိန်း ၂,၄၅၀ ဝန်းကျင်လောက်နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိကျနော်ဖော်ပြပေးခဲ့တဲ့ ငါးယောက်စီး၊ ခုနှစ်ယောက်စီး SUV ကားတွေကတော့ CarsDB Brand New Site မှာ တင်ထားတဲ့ ကားတွေပါပဲ။ ဒီထဲက ကားတွေနဲ့ပတ်သက်ပြီး ပိုမိုပြီးအသေးစိတ်လေ့လာကြည့်ရှုချင်တယ်ဆိုရင်တော့ CarsDB Brand New Website မှာ နာမည်ရိုက်ရှာလိုက်ရုံနဲ့ အသေးစိတ်အချက်အလက်တွေကို သိခွင့်ရမှာပဲ ဖြစ်ပါတယ်။ အခုလိုကာလဟာ အိမ်မှာနေထိုင်တာသာ အကောင်းဆုံးပါပဲ။ အခုလိုအချိန်မျိုးမှာ ကိုယ်နှစ်သက်တဲ့ကားလေးတွေကို အိမ်ထဲမှာနေရင်း ရှာဖွေကြည့်ရှုချင်တယ်ဆိုရင်တော့ CarsDB Website ကိုသာ အရောက်လာခဲ့ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါရစေဗျာ။        ။

မှတ်ချက်။     ။ ကားဈေးနှုန်းများ အတက်အကျအပြောင်းအလဲ ရှိနိုင်ပါသည်။

Editor’s Note : ရွေးချယ်စရာ SUVs များနှင့် sedans များ ဆောင်းပါးတို့တွင် Kia အမှတ်တံဆိပ်နှင့် Nissan အမှတ်တံဆိပ်တို့ ကျန်ခဲ့သည်ကိုတွေ့ကြရပေလိမ့်မည်။ ထိုသို့ကျန်ခဲ့ရခြင်းမှာ ရေးသားသူသည် အချက်အလက်ရင်းမြစ်အဖြစ် CarsDB.com မှသာရယူထားသောကြောင့်ဖြစ်၏။ အခြားမည်သည့် ရည်ရွယ်ချက်များမှရှိမနေပါကြောင်းနှင့် sedan ထဲမှဆိုလျင် ဥပမာအားဖြင့် $20,000 (၂၈၈ သိန်း) ဝန်းကျင်ဖြင့်ရောင်းချလျက်ရှိသော နိုင်ငံအတွင်းလူကြိုက်များလှသည့် Nissan Sunny သည်လည်ကောင်း၊  SUV အမျိုးအစားထဲမှာဆိုလျင် အတွင်းခန်းအရည်အသွေးမြင့်မားခြင်း feature စုံလင်ခြင်းတို့ဖြင့် နာမည်ကျော်လျက်ရှိသည့် $62,000 တန် mid-size crossover SUV KIA Sorento  နှင့် $47,000 နှင့်ရောင်းချလျက်ရှိသော compact crossover SUV KIA Sportage တို့သည်လည်းကောင်း၊ သိန်း ၅၀၀ ဝန်းကျင်အတွင်းကဆိုလျင် Kia ၏ နောက်ဆုံးထွက် $29,650 တန်ဖိုးရှိ Kia Cerato သည်လည်းကောင်း ရွေးချယ်ဖို့သင့်တော်သလို ရွေးချယ်မောင်းနှင်သူများထံမှလည်း ကောင်းမွန်သည့်မှတ်ချက်များသာ ကြားသိရပါကြောင်း ဖြည့်စွက်ပြောကြားလိုပါသည်ခင်ဗျာ။

Author