လမ်းတံတားအသုံးပြုခ ကောက်ခံနှုန်းထားများကို ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံသွားမည်

0

Full article

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လမ်း၊ တံတား၊ ဂိတ် (၈၆) ခု၏ လမ်းတံတားအသုံးပြုခ ကောက်ခံနှုန်းထားများကို ၅၀ ရာခိုင်နှုန်းလျော့ချကောက်ခံသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

လမ်းတံတားအသုံးပြုခ လျှော့ချကောက်ခံမည့် တံတားများမှာ ကရင်ပြည်နယ်တွင် သံလွင်တံတား၊ နောင်လုံတံတား၊ လှိုင်ချောင်းတံတား၊ ဒုံသမိတံတား၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေလီတံတား၊ ဧရာဝတီ (ထီးချိုင့်) တံတား၊ ဧရာဝတီ (ရတာသိင်္ခ) တံတား၊ ဧရာဝတီ (ရတနာပုံ) တံတား၊ ညောင်ပင်ဝန်းတံတား၊ ချင်းတွင်းတံတား၊ မြောက်ယမားတံတား၊ တနင်္သာရီတိုင်းတွင် အိမ်ရှေ့ပြင်ဂိတ်၊ ပေါက်တိုင်းဂိတ်၊ ကော့သောင်းဂိတ်၊ ကျွဲကူး - ကျောက်ဖျာ တံတား၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး(သနပ္ပင်)ဂိတ်၊ ပန်းတောင်းဂိတ်၊ ပေါက်ခေါင်း ဂိတ်၊ စစ်တောင်း(ရွှေကျင်)တံတား၊ သူရဲတန်းတံတား၊ စစ်တောင်း (မုပ္ပလင်) တံတား၊ ကောလိယတံတား၊ ရဲနွယ်တံတား၊ ပေါင်းတံတား၊ ကွင်းချောင်းတံတား၊ ဖြူးချောင်းတံတား၊ ဆွာချောင်းတံတား၊ နဝဒေးတံတား၊ ကျွန်းကလေးတံတား၊ မကွေးတိုင်းဒေသကြီးတွင် မင်းဘူး(၁) ဂိတ်၊ ပဒါန်း (၁) ဂိတ်၊ ပဒါန်း (၂) ဂိတ်၊ ဂန့်ဂေါဂိတ်၊ နွယ်တပင်တံတား၊ ကန်လည်ဘာတံတား၊ အနော်ရထာ(ချောက်) တံတား၊ ယင်းချောင်း (မကွေး) တံတား၊ ဒေါင်းနေချောင်းတံတား၊ ပင်းချောင်းတံတား၊ ဒေါနချောင်းတံတား၊ ပင်းချောင်းတံတား၊ ဧရာဝတီ (မကွေး) တံတား၊ မုန်းချောင်းတံတား၊ ကိုးပင်တံတား၊ ဘွက်တံကြီးတံတား၊ မန္တလေးတိုင်းဒေသကြီးတွင် ဟံမြင့်မိုရ် ဂိတ်၊ မြစ်သားဂိတ်၊ ကျောက်ပန်းတောင်း (အထွက်)ဂိတ်၊ (၇) မိုင်လမ်းဆုံ၊ စမုံတံတား၊ မြစ်ငယ်တံတား၊ သူရဲချောင်းတံတား၊ စမုံ (ဘုရားငါးဆူ) တံတား၊ ပြည်ညောင်တံတား၊ တံငါတံတား၊ လက်ပံလှတံတား၊ ကျောက်အိုးတံတား၊ ဧရာဝတီ (ပခုက္ကူ)တံတား၊ မွန်ပြည်နယ်တွင် သံဖြူဇရပ်ဂိတ်၊ ရေးဂိတ်၊ သံလွင် (မော်လမြိုင်) တံတား၊ ဘီးလင်းချောင်းတံတား၊ သဲဖြူချောင်းတံတား၊ အတ္ထရံတံတား၊ ဂျိုင်း (ဇာသပြင်) တံတား၊ ဝင်းဖနုံတံတား၊ နှီးပဒေါ တံတား၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အောင်ပန်း - ပွေးလှဂိတ်၊ အောင်ပန်း (ပင်လောင်း - အောင်ပန်း) ဂိတ်၊ ကျုံး ( အောင်ပန်း - ဟံမြင့်မိုရ်) ဂိတ်၊ ကွင်ဟိန်းဂိတ်၊ ကွင်ဟိန်းတံတား၊ မိုင်းပွန်တံတား၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခါးသျှိ (မယ်ဟန် - ဟိုယ) ဂိတ်၊ သီပေါ ( သီပေါ - မိုးတေ - မန်လီ) ဂိတ်၊ ကွမ်းလုံတံတား၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကြိမ်ပင်ဆည်ဂိတ်၊ ရေနံ့သာဂိတ်၊ ဖျာပုံတံတား၊ ငဝန်တံတား၊ ဒေးဒရဲတံတား၊ မြောင်းမြတံတား၊ မအူပင်တံတား၊ ဗိုလ်မြတ်ထွန်းတံတား၊ ဧရာဝတီ (ညောင်တုန်း) တံတား၊ ဒါးကတံတား၊ ပုသိမ်တံတားနှင့် ကျောင်းကုန်းတံတား တို့ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။


လမ်းတံတားဂိတ်အသုံးပြုခ ၅၀ ရာခိုင်နှုန်းလျှော့ချကောက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ၆ လ ‌လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

Author