နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြီးဖြစ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပြဋ္ဌာန်း

0

Full article

နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြီးဖြစ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်လွှတ်တော်ဥပဒေအမှတ် (၆) အား ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆ ) ရက်နေ့တွင်ပြဋ္ဌာန်းလိုက်သည်။

ဥပဒေ၏ အနှစ်ချုပ်မှာ မော်တော်ယာဉ်များကို ဥပဒေနှင့်အညီမှတ်ပုံတင်ရန်နှင့် ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန်။ မော်တော်ယာဉ်ကြောင့်ဖြစ်ပေါ်လာသော လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုနှင့် ဆူညံသံများကိုလျှော့ချရန်၊ ယာဉ်မတော်တဆ ဖြစ်မှုများကျဆင်းရန်အတွက် ရည်ရွယ်ထားသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များတွင်လည်း နိုင်ငံဖြတ်ကျော် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုက်နာရမည့်အချက်များသတ်မှတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်အတွက် ရန်ပုံငွေထူထောင်ခြင်း၊ မော်တော်ယာဉ်သက်တမ်းတိုးခြင်းနှင့် မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရန် နည်းပညာကျွမ်းကျင်အဖွဲ့များနှင့် ပုဂ္ဂလိက လုပ်ကိုသူများကို ဆောင်ရွက်စေခြင်း စသည့်အချက်များပါဝင်ကြောင်းတွေ့ရသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင် စည်းကမ်းနှင့် စံချန်စံညွှန်းများ သတ်မှတ်ခြင်း၊ ယာဉ်ကြောဆိုင်ရာ အဆင့်မြင့်နည်းပညာများအတွက် သက်ဆိုင်ရာ ဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း များပါဝင်ကြောင်းတွေ့ရှိရသည်။ ထို့အပြင် မော်တော်ယာဉ်အားပိုင်ဆိုင်သူသည် ပိုင်ရှင်အမည်ပေါက်မှန်ကန်ရမည်ဖြစ်ခြင်း၊ ၁၀ နှစ်အောက်ကလေးများ ယာဉ်စီးနင်းရာတွင် ခါးပတ်ကို မပတ်မနေရ ပတ်ရမည်ဖြစ်ခြင်း၊ မော်တော်ယာဉ်တွင် မူလကတည်းကပါရှိသည့် မီးတန်းမှအပ အပိုမီးတန်းမျာ’ ထပ်မံတပ်ဆင်ခြင်းကို တားမြစ်ထားခြင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရှေ့အောက်မီးကို နေ့/ည ထွန်းပြီးမောင်းနှင်ရမည်ဖြစ်ခြင်း စသည့်အချက်များလည်းပါဝင်ကြောင်းတွေ့ရသည်။


ပြည်တော်စုလွှတ်တော် ဥပဒေအမှတ် (၆) ဖြစ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အပြည့်အစုံအား နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြသွားမည်ဖြစ်ပြီး အောက်ပါ link တွင်လည်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.mlis.gov.mm/mLsView.do?lawordSn=14201

Author