MNA မှ ရန်ကုန်-စင်ကာပူ-ရန်ကုန် ကုန်တင်လေယာဉ်ခရီးစဉ်အား လာမည့် မေလ ၂၈ ရက်နေ့တွင် ပြေးဆွဲသွားမည်

0

Full article

မြန်မာအမျိုးသားလေကြောင်း (MNA) မှ ရန်ကုန်-စင်ကာပူ-ရန်ကုန် ကုန်တင်လေယာဉ်ခရီးစဉ်အား လာမည့် မေလ ၂၈ ရက်နေ့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ထုတ်ပြန်ချက်အရသိရသည်။

COVID-19 ကူးစက်ရောဂါကာလအတွင်း နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှုကို ယာယီရပ်နားထားသည့်အတွက် မြန်မာနိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လတ်စေရေးနှင့် တင်ပို့ရမည့်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လာမည့် မေလ ၂၈ ရက်နေ့တွင် ရန်ကုန်-စင်ကာပူ-ရန်ကုန် ကုန်တင်လေယာဉ်ခရီးစဉ်အား ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ အဆိုပါခရီးစဉ်တွင် ခရီးသည်များ လိုက်ပါစီးနင်းခွင့်ရှိမည်မဟုတ်ဘဲ ကုန်ပစ္စည်းသာတင်ပို့နိုင်မည်ဖြစ်ကြောင်းကိုလည်း မြန်မာ့အမျိုးသားလေကြောင်း (MNA) မှ အသိပေးထားပါသည်။ ကုန်တင်လေယာဉ်ခရီးစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာမည်ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ နေ့လည် ၂ နာရီတွင်ဆိုက်ရောက်မည်ဖြစ်ကာ စင်ကာပူနိုင်ငံမှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်ကြောင်းသိရသည်။


မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) သည် ယခုကာလအတွင်း ပြည်တွင်းခရီးသွားပြည်သူများ၏ အရေးကြီးခရီးသွားလာမှုကို အထောက်အကူပြုစေရန်အတွက် ပြည်တွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးလျက်ရှိနေပြီး Asia Region တွင် Cargo Charter များငှားရမ်းလိုပါကလည်း သက်သာသောနှုန်းထားများဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။

Author