အဝေးပြေးယာဉ်များနှင့် ကားဂိတ်များတွင်လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးထုတ်ပြန်

0

Full article

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနမှ အဝေးပြေးယာဉ်များနှင့် ကားဂိတ်များတွင်လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးထုတ်ပြန်ထားပါသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူအသုံးပြုသည့် အဝေးပြေးကားဂိတ်များနှင့် အဝေးပြေးယာဉ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။ အဝေးပြေးယာဉ်လိုင်းနှင့် ဂိတ်များတွင် လက်ဆေးရန်အတွက် လက်ဆေးကန်၊ ရေ၊ ဆပ်ပြာ (သို့) အနည်းဆုံး Alcohol 60 % ပါဝင်သည့် လက်ဆေးရည်များကို ခရီးသည်များနှင့်ဝန်ထမ်းများအား အလုံအလောက်အသုံးပြုနိုင်ရန် ထားရှိပေးရမည်။ ယာဉ်မထွက်မီ စောင့်ဆိုင်းနေသော ခရီးသည်များအား Physical Distancing တတ်နိုင်သမျှ (၆) ပေအကွာ ရရှိစေရန် ထိုင်ခုံများအား အမှတ်အသားပြုလုပ်ထားရမည်။ ကားပေါ်သို့ ခရီးသည်မတက်မီ ကိုယ်အပူချိန်တိုင်းရမည်ဖြစ်ပြီး အပူချိန် ၃၈ ဒီဂရီနှင့်အထက်ဖြစ်နေပါက အဆိုပါခရီးသည်အား တင်ဆောင်ခြင်းမပြုဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစေရန်စီစဉ်ပေးရမည်။ ကိုယ်အပူချိန် ၃၈ ဒီဂရီနှင့်အထက်ဖြစ်နေပါက တင်ဆောင်ခြင်းမပြုကြောင်းကိုလည်း မြင်သာသောနေရာတွင် အသိပေးပိုစတာများချိတ်ဆွဲထားရမည်။ နှာခေါင်းစည်း တပ်ဆင်မထားသော ခရီးသည်များကို ယာဉ်ပေါ်သို့ တက်ခွင့်၊ စီးနင်းခွင့် လုံးဝမပြုရဘဲ အဆိုပါခရီးသည်အတွက် နှာခေါင်းစည်း ရရှိအောင်စီစဉ်ပေးရမည်။ ခရီးသည်များ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ်၊ နေထိုင်သည့် လိပ်စာနှင့် သွားရောက်မည့်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ထိုင်ခုံနံပါတ်နှင့်ယှဉ်တွဲ၍ မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး လိုအပ်လာပါက သက်ဆိုင်ရာဌာများသို့ပေးရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။


COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံရှိ အဝေးပြေးယာဉ်လိုင်းများပြေးဆွဲခြင်းကို ယာယီရပ်နားထားခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းဒေသကြီးအချို့မှ အဝေးပြေးယာဉ်လိုင်းများသည် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။

Author