ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းများ တိုးချဲ့ပြေးဆွဲသွားမည်

0

Full article

ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းများကို မေလ ၁၈ ရက်နေ့မှစတင်ကာ မနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန် ရထားလမ်းကြောင်းအချို့ကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်များအရသိရသည်။

လတ်တလောဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Social Distancing နှင့်အညီဖြစ်စေရေးအတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မြို့ပတ်ရထားများလမ်းကြောင်းများမှ ရန်ကုန် - လှော်ကား လမ်းကြောင်း၊ အင်းစိန် - မင်္ဂလာဒုံ - ရန်ကုန်နှင့် ရန်ကုန် - တိုးကြောင်လေး - အုတ်ဖိုစု လမ်းပိုင်း (၃) ခုအား မေလ (၁၈) ရက်နေ့မှစတင်ကာ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - လှော်ကား လမ်းပိုင်းတွင် လှော်ကားမှ မနက် ၇ နာရီ မိနစ် ၂၀ တွင် စတင်ထွက်ခွာပြီး ရန်ကုန်သို့ မနက် ၉ နာရီတွင်ရောက်ရှိမည်ဖြစ်ကာ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီတွင် ထွက်ခွာပြီး လှော်ကားသို့ ညနေ ၇ နာရီ ၄၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အင်းစိန် - မင်္ဂလာဒုံ - ရန်ကုန်လမ်းကြောင်းတွင် အင်းစိန်မှ မနက် ၇ နာရီ ၂၅ နှင့် မင်္ဂလာဒုံမှ ၈ နာရီ ၁၀ မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး  ရန်ကုန်သို့ မနက် ၉ နာရီ ၁၅ မိနစ်တွင်ဆိုက်ရောက်မည်ဖြစ်သည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ၅နာရီ ၄၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး မင်္ဂလာဒုံသို့ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် အင်းစိန်သို့ ၇ နာရီ ၃၅ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန် - တိုးကြောင်လေး - အုတ်ဖိုစုလမ်းကြောင်းတွင် အုတ်ဖိုစုမှ မနက် ၇ နာရီ ၃၅ မိနစ်တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ မနက် ၉ နာရီ ၁၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး အုတ်ဖိုစုသို့ ညနေ ၇ နာရီ ၂၅ မိနစ်တွင် ရောက်၇ှိမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။


လတ်တလောပြေးဆွဲနေသော ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်းများမှာ တွဲဆိုင်းနှင့် စီးနင်းသည့်ခရီးသည် မျှတမှုရှိသော်လည်း လမ်းညွှန်ချက်များအရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Social Distancing ဖြစ်စေရေးအတွက် ယခုကဲ့သို့ တိုးချဲ့ပြေးဆွဲရခြင်းဖြစ်ကြောင်းသိရသည်။

Author